Thursday, December 20, 2012

အမဲကင်ကြိုက်တဲ့ ထာဝရကြီး

လူသတ်ခိုင်းတဲ့ထာဝရအရှင်ဆိုတဲ့ပို့စ်လေးမှာတော့ လူလူချင်းသတ်ခိုင်းတဲ့အကြောင်းအရာလေးတွေကိုဖော်ပြပေးထားပါတယ်။
အခုဒီပို့စ်လေးမှာ ဘယ်လိုအကုသိုလ်မျိုးတွေကျူးလွန်ခိုင်းထားလဲဆိုတာဆက်လက်တင်ပြပါရစေ။
ကျွန်တော်ဒီလိုပို့စ်လေးတွေရေးနေတယ်ဆိုတာကလဲ ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့ဆန္ဒမပါ ပါဘူး။
အရိုးခံစေတနာဖြင့် အပင်ပန်းခံရေးသားနေခြင်းဖြစ်ပါတယ်။ ကျွန်တော်ရေးသားလိုက် တဲ့ပို့စ်လေးတွေကြောင့်လူတစ်ဦးတစ်ယောက်အမြင် မှန်ရသွားမယ်ဆိုရင် ကျွန်တော် ကြိုးစားပြီးရေးရကျိုးနပ်ပါတယ်။ကျွန်တော်တို့လူသားတွေတော်တော်များများက တိရစ္ဆာန်လေးတွေကိုကြင်နာတတ်၊ချစ်တတ်ကြပါတယ်။ဥပမာအားဖြင့် အိမ်တော်တော်များများမှာဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေကို ယုယုယယနဲ့မွေးတတ်ကြပါတယ်။
ကိုယ့်အိမ်မှာမွေးထားတဲ့ကြောင်လေး၊ခွေးလေးတွေအိမ်မှာမတွေ့ရဘဲပျောက်နေတယ်ဆိုရင်တောင် ပိုင်ရှင်တွေအနေနဲ့စိုးရိမ်ပူပန်တတ်ကြပါတယ်။ငါ့ခွေးလေးကို ဘယ်သူများခိုးသွားလဲ၊ဘယ်နေရာမှာများအဆိပ်မိနေလဲ၊တစ်ယောက်ယောက်များ
သတ်စားလိုက်ပြီလား . . . . .စသည်ဖြင့်အမျိုးမျိုးစိတ်ပူတတ်ကြပါတယ်။တခါတလေ ကိုယ့်အိမ်နီးချင်းက ၀က်မွေးထားင်္ပြီး ရောင်းလိုက်တဲ့အချိန် ၀ယ်သူကအဲ့ဒီဝက်ကို ထော်လာဂျီင်္ပေါ်အတင်းတင်နေတဲ့အခါ အဲ့ဒီဝက်မရဲ့ ငယ်သံပါအောင်အော်တဲ့အသံများကြားလိုက်ရင် အော် . . . .ဒီဝက်လေးတော့ သားသတ်ရုံပို့ခံရတော့မှာပဲဆိုပြီး သနားတတ်ကြပါသေးတယ်ကိုယ်တိုင်သတ်ပစ်ဖို့ဆိုတာ အဝေးကြီးပါ။သူတစ်ပါးအသက်ကိုသတ်တယ်ဆိုတာ လူ့အသက်ကိုပဲသတ်သတ်၊
တိရစ္ဆာန်လေးတွေရဲ့အသက်ကိုပဲသတ်သတ် မကောင်းဘူးဆိုတာ ဆင်ခြင်ဥာဏ်ရှိတဲ့သူတိုင်း လက်ခံပါတယ်။ဒါပေမယ့်ဗျာ လူသားတွေရဲ့ကယ်တင်ရှင်ပါဆိုတဲ့ ယေဟောဝါ(ထာဝရ)ကြီးကတော့ တိရစ္ဆာန်တွေကိုသတ်ဖို့၊သတ်ပြီးတော့ သူ့ကိုယာဇ်ပူဇော်ဖို့ . . . . . . စသည်ဖြင့်လမ်းညွှန်ထားပုံတွေကို သမ္မာကျမ်းစာထဲကနေထင်ထင်ရှားရှား ကောက်နုတ်ဖော်ပြပါရစေ . . . . . . .

တောလည်ရာကျမ်း အခန်း (၂၈:၁၊၂၊၃၊၄)
    တဖန်မောရှေအား ထာဝရဘုရားက၊သင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ ငါ၏ပူဇော်သက္ကာကို၎င်း၊ငါ့အဘို့မွှေးကြိုင်သောအနဲ့ရှိစေခြင်းငှါ မီးဖြင့်ပြုလုပ်သော ငါ၏အစာအာဟာရကို၎င်း၊အချိန်တန်မှငါ့အားပူဇော်ခြင်းငှါသတိပြုကြရမည်။တဖန်ဆင့် ဆိုရမည်မှာနေ့တိုင်းအစဉ်အမြဲမီးရှို့ရာယဇ်ဘို့၊အခါမလည်အပြစ်မပါသောသိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအားမီဖြင့်ပူဇော်ရမည်။နံနက်ယံ၌သိုးသငယ်တကောင်၊ညဦး၌တကောင်ကို ပူဇော်ရမည်။

တောလည်ရာကျမ်း အခန်း(၂၈:၉၊၁၀)

    နေ့တိုင်း အစဉ်ပူဇော်သောမီးရှို့ရာယဇ်၊သွန်းလောင်းရာပူဇော်သက္ကာမှတပါး ဥပုသ်နေ့ရက်၌ အခါမလည်အပြစ်မပါသောသိုးသငယ်နှစ်ကောင်ကို၎င်း၊သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ဘောဇဉ်ပူဇော်သက္ကဘို့ ဆီရောသောမုန့်ညက်နှစ်သြမဲကို၎င်း ပူဇော်ရမည်။

တောလည်ရာကျမ်း အခန်း(၂၈:၁၁)


လဆန်းတစ်ရက်နေ့၌၊အသက်ပျိုသော နွားထီးနှစ်ကောင်၊သိုးထီးတကောင်၊အခါမလည်၊အပြစ်မပါသော
သိုးသငယ် ခုနှစ်ကောင်တို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ပူဇော်ရမည်။

တောလည်ရာကျမ်း အခန်း ၂၈ ထဲမှာ ဒါတွေတိတိကျကျကိုပြောထားပါတယ်။မိတ်ဆွေတို့ အချိန်ရရင်လေ့လာကြည့်ကြပါ။အခါမလည်အပြစ်မပါသောသိုးသငယ်၊ အသက်ပျိုသောနွားထီး စသည်ဖြင့်တကယ့်ကို ကောင်းပေ့ဆိုတာတွေကိုပဲ ထာဝရကြီးကသူ့အတွက် သတ်ပြီးယဇ်ပူဇော်ခိုင်းထားပါတယ်။စာဖတ်ပရိသတ်အားလုံး စဉ်းစားတွေးခေါ်ပြီး အမြင်မှန်တွေရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီပို့စ်လေးကို ဒီမှာတင်အဆုံးသတ်ပါရစေ။နောက်ထပ်ရေးသားမယ့်ပို့စ်မှာ ၀ိဥာဉ်သက်သက် ရုပ်ပုံစံမရှိဘူးလို့ဆိုထားတဲ့
သူ့ရဲ့ကြောက်မက်ဖွယ်ပုံစံကြီးကိုဆက်လက်တင်ပြပေးပါဦးမယ်။ဆက်လက်ကြိုးစားပါဦင်္းမည် ....

လေးစားစွာဖြင့်
                           Anti-Jesus

No comments:

Post a Comment